Friday, December 24, 2010
ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့် စေတီတော်မြတ် (သမိုင်းအကျဉ်း)
ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့် စေတီတော်မြတ်
(သမိုင်းအကျဉ်း)
ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အရ ရခိုင်ပြည့်ရှင် သူရိယစက္ကမင်းကြီးသည် ဘုရားရှင်၏ ဦးရာဇ်တော်ဓာတ်ကိုဌာပနာ၍ သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ဖြစ်သည်။ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သေလပိဋ္ဌိပဗ္ဗတ တောင်ထိပ်တွင် ကိန်းဝပ်တော်မူလျက်ရှိသည်။ ရခိုင်ဘုရင်အဆက်ဆက် မွမ်းမံကုသိုလ်ပြုခဲ့ကြသည်။
မင်းဖလောင်းဘုရင်သည် အဓိဋ္ဌာန်ဖြင့် အနောက်တရိုးသို့ စစ်ချီခဲ့ရာ အောင်မြင်သဖြင့် ကောဇာသက္ကရာဇ်၉၅၃ နှစ်၊ အေဒီ ၁၅၉၁ ခုနှစ်တွင် ထပ်မံတည်ထားခဲ့သည်။ စေတီ တော်မြတ်ကို တည်စဉ် မင်းကြီး၏ အဓိဋ္ဌာန်သုံးပါးဖြစ်သော ဦးရာဇ်တော်မှ ခြောက်ပါးသောရောင်ခြည်တော်တို့ ကွန့်မြူးခြင်း၊ အလှူတော်ကာလ သမုဒ္ဒရာရေသည်
Subscribe to:
Posts (Atom)